Local News

မန္တလေးကုန်စည်ဒိုင်သို့နယ်စုံမှ မြေပဲဆံအဝင်များ၊ အရောင်းဝယ်အေး၍ ဈေးနှုန်းကျဆင်းလာ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ မကွေး၊ နတ်မောက် ၊ စစ်ကိုင်း၊ ဝက်လက် နယ်ပေါင်းစုံမှ မြေပဲဆံ အသစ်များ ဝင်ရောက်နေပြီး ပြည်ပတင်ပို့မှုမရှိခြင်း၊ ဆီစက်သမားများ အဝယ်အေးခြင်းတို့ကြောင့် မြေပဲဆံဈေးကျဆင်းလာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုအသင်း ဒုတိယဥက္ကဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ) ၏ပြောပြချက်အရသိရသည်။

မြေပဲလုံးဆံ(ဖြူ)တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင် ကျပ် ၆၁၀၀ မှ ၅၈၀၀၊ ယခင်တစ်ပတ် ကျပ် ၆၇၀၀ မှ ၆၃၀၀၊ ယခင်လ ကျပ် ၆၃၅၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၀၀ မှ ၆၀၀ ၊ယခင်လထက်ကျပ် ၂၅၀ မှ ၅၅၀ နိမ့်ကျလာသည်။

မြေပဲလုံးဆံ(အနီ)တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင် ကျပ် ၆၁၀၀ မှ ၅၈၀၀ ၊ ယခင်တစ်ပတ် ကျပ် ၆၅၀၀ မှ ၆၃၀၀ ၊ ယခင်လ ကျပ် ၆၂၅၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက်ကျပ် ၄၀၀ မှ ၅၀၀ ၊  ယခင်လထက်ကျပ် ၁၅၀ မှ ၄၅၀ နိမ့်ကျလာသည်။

မြေပဲ(ဆီဆံ) တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင် ကျပ် ၅၇၀၀ မှ ၅၅၀၀ ယခင်တစ်ပတ် ကျပ် ၆၅၀၀ မှ ၅၅၀၀၊ ယခင်လကျပ် ၆၁၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀ ၊ ယခင်လထက်ကျပ် ၄၀၀ မှ ၆၀၀ နိမ့်ကျလာသည်။

မြေပဲဆံအမျိုးအစားလိုက် ယခင်တစ်ပတ်ထက် ကျပ် ၁၀၀ မှ ၆၀၀ ၊ ယခင်လထက် ၂၅၀ မှ ၆၀၀ နိမ့်ကျလာကြောင်းတွေ့ရသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News